Friday, March 1, 2013

နေထိုင်မှုနှင့် ရောင့်ရဲခြင်း

နေထိုင်ရာဘ၀နှင့်ပျော်ရွှင်စရာမိသားစု


ချမ်းသာခြင်းဆင်းရဲခြင်းဆိုတဲ့ အလွှာတွေကိုမေ့ပါ
ခံစားရတဲ့ဒုက္ခတွေကို ခဏတာသည်းခံပြီး
နောင်တချိန်မှာ ငါဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့အတွေး
ရရှိတဲ့ဘ၀မှာ မိဘကိုစိတ်ချမ်းသာစွာထားနိုင်ခြင်း
နှင့် သားသမီးဇနီး ဆွေမျိုးမိသင်္ဂဟတွေပေါ်မှာ
ဦးဆောင်နိုင်ခြင်းတွေကို
ကုန်ထမ်းတဲ့သူကကုန်ထမ်းသလို၊ ကုန်သည်လုပ်သူကကုန်သည်အလုပ်တွေနဲ့
ကျပန်းလုပ်ကိုင်သူက ကျပန်းအလုပ်လုပ်ကိုင်ရင်း
မိသားစုအတွက် အချိန် တနေ့ကို တစ်နာရီလောက်ဖြစ်ဖြစ်ပေးပြီး
နေကြည့်လိုက်ပါ နေထိုင်တဲ့ဘ၀ဟာသာယာပြီး
ပျော်ရွှင်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ရမှာလို့ထင်ပါတယ်။

သာယာချမ်းမြေ့သောလူမှုဘ၀များအတွက်

ချစ်ခြင်းနှင့်အိမ်ထောင်မှု


အချစ်သည် အိမ်ထောင်တခုတည်ထောင်ရာတွင်အရေးပါသည်ဟုထင်ပါသည်
အချစ်နှင့်သာတစ်ဦးနှင့်တစ်ဦး နားလည်ပေးနိုင်ခြင်း
တစ်ဦးကိုတစ်ဦး ယုံကြည်ခြင်းနှင့်
သက်ဆုံးတိုင်လက်တွဲနိုင်ခြင်းစသည်တို့ကိုရရှိပါမည်
သင်လူတစ်ယောက်ကို အမှန်တကယ်ချစ်မြတ်နိုးပါ
ထိုလူနှင့်အတူ လက်တွဲနေထိုင်ပြီး သာယာသော အိမ်ထောင်တစ်ခုကို
တည်ဆောက်ပါ ထို့နောက်မိဘညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးမိသင်္ဂဟများအပေါ်
ကူညီစောင့်ရှောက်ပါ သင်တကယ်သာယာသော
ချစ်ခြင်းနှင့် အေးချမ်းသော အိမ်ထောင်မှုကို
ရရှိပိုင်ဆိုင်မည်ဖြစ်ပါသည်။
                                nyiandaprill 1.3.2013 (Fri)

ကျွန်တော်သိသောအကြောင်းအရာများ

နေထိုင်ရာဝန်းကျင်အလိုက် ဘ၀မှာရင်မောစရာလေးတွေ၊ ပျော်ရွှင်စရာလေးတွေနှင့် စဉ်းစားဆင်ခြင်စရာလေးတွေရှိတတ်ကျပါတယ် အဲ့ဒီလို ရင်မောစရာလေးတွေကို အမောပြေစေ
ပျော်ရွှင်စရာလေးတွေကို အမြဲရှိစေ ၊ စဉ်းစားစရာတွေကို မှန်ကန်စွာဆုံးဖြတ်နိုင်ရန် ကူညီပေးနိုင်ရင်
ဒီဘလော့ကို ရေးရတာ အတော်လေးကို တန်ဖိုးရှိသွားပါပြီ